အဖြည့်ခံ (ဝါ) တယ်လီဖုန်းခွက်
နေ့စဉ်ပေါ့ကွယ်
သူ့အာငွေ့ ခိုလှုံ
သူ့ခံတွင်း နံ့လေးယဉ်ပါး
သူ့ပါးကလေးအပ်
သူ့အသက်ရှုသံလေး တပ်မက် ။
ဒါပေမဲ့ကွယ်
ဝမ်းနည်းတယ်
သူ့နှုတ်ခမ်းလွှာနှင်းဆီဖူး
ရည်ရွယ်ချက်ရှိရှိနဲ့
ကိုယ့်ကို...
နမ်းဖူးခဲ့တာမှ မဟုတ်ပဲ ။
အလိုရှိယူသုံး
အလိုမရှိတော့ထား
ကြာတော့ကိုယ့်ဘဝကို
မုန်းတတ်လာတယ် ။
တကယ်တော့ကွယ်
"အမိန့်ရှိပါရှင်" ဆိုတဲ့
အသံလေးနဲ့
နှစ်သိမ့်နေရတဲ့ဘဝ
ကိုယ်ကလွဲပြီး
ဘယ်သူများ...
ပျော်မြူးနိုင်လိမ့်မလဲ ။ ။
လှေခါးကဗျာလိုပါပဲ.လူသိပ်မသိခဲ့တဲ့ကဗျာအဟောင်းလေးပါ
အချစ်မှာအဲဒီလို အဖြည့်ခံသက်သက်ချစ်သူတွေရှိမှာပါ။
အလိုရှိယူသုံးအလိုမရှိတာ့ထား အဖြည့်ခံသက်သက်ပေါ့။
ဘယ်သူမှအဲဒီလိုဘဝမျိုးနဲ့တသက်လုံးပျော်နိုင်မယ်မထင်ပါဘူး
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
နိုဝင်ဘာ ၃
၂၀၁၁ခုနှစ် (ညနေ၅နာရီ)
သတိတရ..ချစ်သူမဆက်တော့သောအခါ........တယ်လီဖုန်းလေးအား....................
Monday, March 12, 2012
....မာနမဲ့စွာ....
....မာနမဲ့စွာ....
ပြက်ရယ်ပြုမှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမျှ စိတ်မဆိုးရက်ပါလေ...
အနိုင်ကျင့်မှုကို ခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမျှ မနာကြည်းရက်ပါလေ...
တန်ဖိုးမထားမှုကို ခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမျှ မငြိုငြင်ရက်ပါလေ...
စွန့်ပစ်သွားခြင်းကို ခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာ ပူပန်ရသော်လည်း
မည်သည့်အခါမျှ မေ့လျော့၍ မရနိုင်ပါလေ...
စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း...။
မောင်စိန်ဝင်း(ပုတီးကုန်း)

ရင်နင့်အောင်လည်းခံစားဘူးပြီ
ရင်ကွဲအောင်လည်းငိုကြွေးဘူးပြီ
တယောက်တည်းဆိုတော့လည်း
အထီးသာကျန်တာအကျည်းတော့မတန်ခဲ့ ပါဘူး
ပိုလွတ်လပ်သွားတရ်
အရင်တုန်းကတော့
နင်မကြိုက်တဲ့ သူတွေကိုဘလော့ရတာနဲ့ 
နင့်မျက်နှာညှိုးမှာသိပ်စိုးခဲ့ ရတာ
နင်လိမ်ညာမှုတွေအောက်မှာ
အကြိမ်ကြိမ်ကျဆုံးရင်းးးးးးး
အကြိမ်ကြိမ်ခွင့်လွှတ်ပေးတတ်ခဲ့ လို့ 
တန်ဖိုးတွေလျှော့လာတာလား
နင့်အမိန့်ပေးမှုတွေအောက်မှာ
သက်ပြင်းအခါခါချပြီး
ငါနေသားကျလာခဲ့ တာအတော်တောင်ကြာခဲ့ ပြီဘဲ
မှန်းစမ်းအော့(28.9.11)ထဲကပါလားးးးးဟဟဟဟ
ခုတော့............
ရင်ကွဲအောင်လည်းငိုကြွေးဘူးပြီ
တယောက်တည်းဆိုတော့လည်း
အထီးသာကျန်တာအကျည်းတော့မတန်ခဲ့ ပါဘူး
ပိုလွတ်လပ်သွားတရ်
အရင်တုန်းကတော့
နင်မကြိုက်တဲ့ သူတွေကိုဘလော့ရတာနဲ့ 
နင့်မျက်နှာညှိုးမှာသိပ်စိုးခဲ့ ရတာ
နင်လိမ်ညာမှုတွေအောက်မှာ
အကြိမ်ကြိမ်ကျဆုံးရင်းးးးးးး
အကြိမ်ကြိမ်ခွင့်လွှတ်ပေးတတ်ခဲ့ လို့ 
တန်ဖိုးတွေလျှော့လာတာလား
နင့်အမိန့်ပေးမှုတွေအောက်မှာ
သက်ပြင်းအခါခါချပြီး
ငါနေသားကျလာခဲ့ တာအတော်တောင်ကြာခဲ့ ပြီဘဲ
မှန်းစမ်းအော့(28.9.11)ထဲကပါလား
ခုတော့............
ပျော်ရွှင်မှုရှာဖွေနည်း သို့ ရယူနည်း
"ဘ၀တစ်ခုကိုတည်ဆောက်ဖို့ အတွက်ငွေမလိုဘူး ကိုယ်ကိုယ်ကိုယုံကြည်မှုပဲလိုတယ်
မိသားစုတစ်ခုကိုတည်ဆောက်ဖို့ အတွက်ငွေမလိုဘူး အချစ် မေတ္တာ ကြိုးစားမှု ကိုယ့်အားကိုယ်ကိုးနိုင်မှုပဲလို တယ်အချစ်ကြောင့် အသက်ဆုံးရှုံးတာ တန်သလို မတန်တာလည်းရှိတတ်ပါတယ်။ တကယ်လို့ လူတစ်ယောက်ကိုတကယ်အချစ်စစ်နဲ့ချ စ်မိပြီးဆိုရင် အဲ့လူကိုအဆုံးရှုံး မခံပါနဲ့။ သူနာကြင်အောင်မလုပ်ပါနဲ့။ သူခံစားရအောင်မလုပ်ပါနဲ့။ အဆုံးရှုံး မခံနဲ့ဆိုတာ ရယူပိုင်ဆိုင်ခြင်းကိုပြောတာမဟု တ်ပါဘူး
ကိုယ်ချစ်တဲ့သူရဲ့ ယုံကြည်မှုကိုပြောတာပါ။ အချစ်ကိုအပျော်သဘောနဲ့
မဆော့ပါနဲ့ မီးလိုပဲ ပူလောင်တတ်တယ်။ ပျော်ရွှင်မှုကိုရယူတတ်အောင်ကြိုး စားပါ။ ချစ်တဲ့သူကို အတတ်နိုင်ဆုံး ယုံကြည်မှုနဲ့ နားလည်မှုပေးပါ။ လူတစ်ယောက်ကိုတကယ်ချစ်သွားပြီးဆိုရင် ရှေ့ကြောင်းနောက်ကြောင်းတွေတွက် မနေပါနဲ့ ငွေတွေ ပညာတွေ ဥစ္စာတွေကြည့်မနေပါနဲ့ အသိုင်းအ၀ိုင်းတွေကိုကြည့်မနေပါ နဲ့ ရှောင်ဖယ်လိုက်ပါ။ ဒါမှပျော်ရွှင်မှုအစစ်ကိုရရှိမှာပါ။ ပျော်ရွှင်မှုဆိုတာ ကိုယ်ယူုနိုင်မှရမှာပါ ယူဖို့ကိုလည်းလက်မတွန့်ပါနဲ့။ နှလုံးသားနဲ့ရင်းပြီးတည်ထောင်ထားတဲ့ဘ၀တစ်ခုနဲ့ ငွေနဲ့ရင်းပြီးတည်ထောင်ထားတဲ့ဘ၀ တစ်ခုမှာဘယ်ဟာကပိုမြင့်မြတ်တယ်ထ င်ပါသလဲ။
နှလုံးသားကမြင့်မြတ်တယ်ဆိုရင် သင်သေချာပေါက်
ပျော်ရွှင်မှုဆိုတာကိုရရှိမှာပါ။ ငွေကသာမြင့်မြတ်တယ်ဆို သေချာပေါက်ကို
ပျော်ရွှင်မှုကိုဆုံးရှုံးမှာပါ။ သင်အခုအချိန်မှာ အားငယ်ဝမ်းနည်းနေပါသလား။
ဒါဆိုရင်တော့ သင့်ပျော်ရွှင်မှုကိုသင်လက်လွှတ်လိုက်ရလို့ပဲဖြစ်လိမ့်မယ်။
ဘာလို့လက်လွှတ်လိုက်ရလည်း သင့်မှာ ပျော်ရွှင်မှုကို ရယူဖို့ စဉ်းစားမှု
ကြိုးစားမှုမရှိခဲ့လို့ပေါ့။ ပိုက်ဆံဆိုတာ ရှာရတာလွယ်ပါတယ်။ အားထုတ်ရင်
အားထုတ်သလောက်ရမယ်။ သူဌေးဖြစ်ချင်ရင် များများစု။ ၀အောင်စား။
ကျန်းမာအောင်နေ။ ပျော်ရွှင်အောင်နေ။ ငွေနောက်မလိုက်ပါနဲ့
ငွေနောက်လိုက်ရင်တော့ သင်ဟာ ချမ်းသာမှုကိုအပြည့်အစုံရတော့မှာ မဟုတ်ပါဘူး။ သင်နေထိုင်တဲ့ဘ၀ကြီးဟာလည်း ဘာအကျိုးမှသက်ရောက်တော့မှမဟုတ်ေ တာ့ပါဘူး။ သင်ပင်ပန်းခဲ့ရုံသာရှိမှာပါ။ အတ္တမဆန်ပါနဲ့ ကိုယ့်ဆန္ဒကိုယ်ကိုယ်ထိန်းမချုပ် ထားပါနဲ့ လူလို့ဖြစ်လာပြီဆိုရင်တော့ ပျော်ရွှင်မှုဆိုတာကိုတွေ့မြင်သွားရမှ
ဖြစ်လာမှာပါ။ အချစ် အမုန်း သနား ကြင်နာ ရန်ရှာ ရိုင်းပြ စိတ်ဆိုး
ဒါတွေကိုလည်း တွေ့ကြုံလိုက်ပါ။ ပျော်ရွှင်မှုဆိုတာ ဒီနေရာကပဲထွက်လာမှာပါ။
တစ်ခုလိုချင်ရင် တစ်ခုကိုအဆုံးရှုံးခံရမယ်တဲ့။ သိပ်စဉ်းစားရခက်နေလား။
လွယ်ကူတဲ့အကြံဥာဏ်ပေးလိုက်ပါမယ် ။ သင်ရွေးချယ်တဲ့အရာဟာ
သင့်ကိုပျော်ရွှင်မှုပေးမှာလားဆို တာကိုစဉ်းစားလိုက်ပါ။
မပျော်ရွှင်ရင်တော့ မရွေးချယ်လိုက်ပါနဲ့လို့ အကြံပြုချင်ပါတယ်။
အဲ့အချိန်ကြရင် ဖြစ်ချင်တာကိုပဲ စဉ်းစားမနေပဲနဲ့။
"ဘ၀တစ်ခုကိုတည်ဆောက်ဖို့ အတွက်ငွေမလိုဘူး ကိုယ်ကိုယ်ကိုယုံကြည်မှုပဲလိုတယ်
သင့်ကိုပျော်ရွှင်မှုပေးမှာလားဆို
ဦးနှောက်ရှင်းရှင်းထားပြီးပျော်ရွှင်မှုဆိုတာကိုအရင်ရှာလိုက်ပါလို့ အကြံပေးချင်ပါတယ်။ လူတိုင်းလူတိုင်းမှာ ဖြူစင်သန့်ရှင်းတဲ့နှလုံးသားဆို တာရှိပါတယ်။ အဲ့နှလုံးကို ဘယ်အရာနဲ့ မှဖုံးကွယ်အောင်မပြုလုပ်ပါနဲ့။ လောဘမကြီးပါနဲ့။ နောင်တဆိုတာကိုလုံးဝမရှိစေပါနဲ့ ။ ကိုယ်ပျော်ရွှင်ချင်ရင် သူများကိုပျော်ရွှင်အောင်ထားပါ။ တကယ်ကိုပျော်ရွှင်မှုရလာမှာကျိမ်း သေပါတယ်။ ကိုယ့်ကြောင့်သူတစ်ပါးစိတ်မဆင်း ရဲစေပါနဲ့။ မျက်ရည်မကျစေပါနဲ့။ ရင်မနာစေပါနဲ့။ အချစ်ရေးအတွက်ဆိုရင်တော့ ဟိုရွေးဒီရွေး ရွေးမနေပါနဲ့။ ပျော်ရွှင်မှုကိုသာတွေ့အောင်ရှာလိုက်ပါ။ ဒီနေရာမှာရှာမတွေ့ရင်နောက်တစ်နေ ရာမှာရှာနောက်တစ်နေရာမှာမတွေ့ရင် အနီးအနားမှာသာရှာလိုက်ပါ။ ဖြစ်ချင်တာကိုလည်းလုပ်ပါ ဖြစ်သင့်တာကိုလည်းလုပ်ပါ။ မဖြစ်နိုင်ဘူးဆိုတာကိုဦးနှောက် ထဲ ထည့်မထားပါနဲ့။ သူများဖြစ်နိုင်ရင်ငါလည်းဖြစ်နိုင်ရမယ်အားတင်းထားပါ။ သူများအောင်မြင်မှုကိုလေးစားပါ။ ဂုဏ်ပြုပါ။ မနာလို မဖြစ်ပါနဲ့။ ပျော်ရွှင်မှုလိုချင်တယ်ဆိုရင်တော့ အထက်ပါအချက်တွေကိုကျင့်သုံးလို က်ပါလို့ ပြောချင်ပါတယ်။
င်္FW Mailလေးကပါ
င်္FW Mailလေးကပါ
Wednesday, February 29, 2012
မျှော်လင့်စောင့်စားခြင်း
တနေ၀င်လို့ တမိုးချုပ်ခဲ့ပြီလေ
မျှော်နေသူလည်းပေါ်မလာ
မျက်ရည်ကိုသာသိမ်း
ပင့်သက်ကိုအခါခါရှိုက်ရင်း
စောင့်စားရင်းညကမှောင်မိုက် ....
ချစ်သူခြေသံတွေလား
လမ်းကလေသံတွေလား
ဘာဆိုဘာမှမကွဲပြားတော့
ငါ့ဘ၀ရဲ့မီးအိမ်ရှင်
တခြားရင်ခွင်မှာထွန်းလင်းနေပြီထင်ပ
ဘာဆိုဘာမှသတိမရချင်တော့
အတိတ်ကာလနဲ့ အနာဂတ်ကြား
ပစ္စုပ္ပန်တခုကိုတော့အပိုင်ရသွားချင်တယ်ကွယ် ....
နောက်ကျခဲ့တဲ့အဆုံး
နှလုံးသားကတဆစ်ဆစ်နာ
သိရက်နဲ့ ဆက်မိုက်ခဲ့ သူမှာ
ဒီသံသရာတကွေ့
ပြန်လည်ဆုံတွေ့ကြဦးမယ်ဆိုရင်
ငါရင်ခွင်မှာတော့ မျှော်လင့်စောင့်စားနေမိဦးမှာပါဘဲ။

Tuesday, February 21, 2012
သင် သူ့ကို တကယ်ချစ်တယ်ဆိုရင် …
….
သင် သူ့ကို တကယ်ချစ်တယ်ဆိုရင် …….
၁။ သူ့ဘ၀ထဲကို မျက်နှာဖုံးချွတ်ပြီးမှ ၀င်ပါ။
၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။
၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။
၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု
ပေးထားလိုက်ပါ)
၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။
၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။
၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။
၈။ သူ့အပ်ါကို တန်ဖိုးထားပါ။
၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။
၁၀။ သူ့အတွက် အချိန်ပေးပါ။
၁၁။ သဘောထားကြီးပါ။
၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေကို မမေ့မပျောက်အောင် မှတ်သားပါ။
၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။
၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။
၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။
၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။
၁၇။ လူပုံအလယ်ကို ရဲ၇ဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။
အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း
အချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်
အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်
ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ်/

ချစ်သူသိပါစေ
အနမ်းတစ်ခုအတွက် လွမ်းဖူးတယ်..
နှလုံးသားတစ်ခုကြောင့် ချစ်ဖူးတယ်
စွဲလမ်းမှုကြောင့် အိပ်ပျက်ဖူးတယ်
မြတ်နိုးမှုကြောင့် ဆုံးရှုံးမှာကြောက်ဖူးတယ်
ဘာပဲဖြစ်ဖြစ် ငါချစ်တာငါပဲသိလို့
အလွမ်းတွေလဲ ခုံမင်ပါတယ်
ချစ်ခဲ့တာလဲ နောင်တမရဘူး
အိပ်ပျက်ညတွေလဲ တန်ဖိုးထားတယ်
ဆုံးရှုံးမှာကြောက်တဲ့ ငါ့စိတ်ကိုလဲ ခွင့်လွှတ်တယ်
ဘာလို့လဲဆိုတော့ ငါ့ချစ်တာနင်သိလို့ပါ..

Thursday, February 16, 2012
ထာဝရအတွက်
ငါနာကြင်တာနင်မသိလည်းကြင်နာတာတော့နင်သိပါစေ
ငါရင်နာတာနင်မသိလည်းမဖြေသာတာတော့နင်သိပါစေ
ငါစိတ်ခံစားချက်ကိုနင်သိနေခဲ့ တာ
နင့်စိတ်ခံစားချက်ကိုငါသိနေခဲ့ တာ
အဓိပ္ပာယ်တွေကွဲ
နေရာတွေလွဲနေလည်း
ငါချစ်မြဲချစ်နေဆဲပါ။

Wednesday, February 15, 2012
သူဖန်ဆင်းတဲ့အချစ်
သည်းခံခွင့်လွှတ် နားလည်တက်သူ
အလျှော့ပေးလို့ အပြုံးလေးနဲ့
ဆိုးပေးသမျှ ခွင့်လွှတ်ပေးသူ
ငါ့အမှားကို နာကြင်သော်လည်
ကြင်နာဆဲသူ အပြစ်မယူ
ငါမှားသမျှ ငါ့အနားက
တစ်ဖ၀ါးမခွာ အားပေးကာဖြင့်
ကြင်နာလက်နဲ့ ဖေးမတဲ့သူ
ထိုသို့သူအား ငါချစ်မိတာ
မှားနေလို့လား .....အမှားဆိုရင်
ငါဆက်မှားချင် ပြောကြပါစေ..
ဘယ်သူတွေက ဘာပြောပြောပေါ့..
မင်းတစ်ယောက်သာ မှန်တယ်ပြောပါ
ငါကျေနပ်တယ်.. ဒါဟာ..
နင်ဖန်ဆင်းတဲ့အချစ်ပါ...
Monday, February 13, 2012
Valentines
Valentinesတဲ့
ကြင်သူအဝေး အလွမ်းတေးနဲ့
အနမ်းဝေလျှက် တမ်တမိကာ
အများကပျော် ငါကမျှော်လို့
ချစ်သူအနား ရှိချင်လိုက်တာ..
ချောကလပ်တစ်တောင့် မင်းတစ်ယောက်ဖို့
ကြင်နာငွေ့သက် ရင်မှာပြည့်လျှက်
ခွံကျွေးခြင်သည် ငါလွမ်းပီ..
တူယှဉ်တွဲကာ မြတ်ဘုရားမှာ
တောင်ဆုတွေချွေ ဆီမီးပန်လှူ
ဘ၀အတွက်ရည်စူး ဆုတောင်းမှုလဲပြုချင်ပါရဲ့
သို့သော်..အဝေးက
Valentines Day လွမ်းငွေ့ပေးလို့
လွမ်းရိပ်သမ်းကာ လွမ်းနေတာဖြင့်
ချစ်သူသိပါ့မလား
ကြင်သူအဝေး အလွမ်းတေးနဲ့
အနမ်းဝေလျှက် တမ်တမိကာ
အများကပျော် ငါကမျှော်လို့
ချစ်သူအနား ရှိချင်လိုက်တာ..
ချောကလပ်တစ်တောင့် မင်းတစ်ယောက်ဖို့
ကြင်နာငွေ့သက် ရင်မှာပြည့်လျှက်
ခွံကျွေးခြင်သည် ငါလွမ်းပီ..
တူယှဉ်တွဲကာ မြတ်ဘုရားမှာ
တောင်ဆုတွေချွေ ဆီမီးပန်လှူ
ဘ၀အတွက်ရည်စူး ဆုတောင်းမှုလဲပြုချင်ပါရဲ့
သို့သော်..အဝေးက
Valentines Day လွမ်းငွေ့ပေးလို့
လွမ်းရိပ်သမ်းကာ လွမ်းနေတာဖြင့်
ချစ်သူသိပါ့မလား
အကြောင်းအရာ
Poem
ပေါက်တက်ကရ
မျှော်လင့်ချက်မဲ့ လမ်းစပျောက်ခဲ့
နှလုံးသားရဲ့ အမှောင်ညမှာ
မင်းဟာသခင် မီးအိမ်ရှင်မို့
တမ်းတမြတ်နိုး ရင်မှပျိုးခဲ့
အချစ်ပန်းပင် ချစ်ကျွမ်းဝင်မှ
ကြည်နှုးသမျှ ရင်နင့်အောင်လဲ
လွမ်းခဲ့ရသည်။
အချစ်ဆိုတာ နတ်ဆိုးအလား
ဘာရယ်ငါမသိ ငါသတိမှာ
သိလိုက်တာက အလွမ်းတွေက
ရင်နဲ့အပြည့်ပါ
အကြောင်းအရာ
Poem
Saturday, February 4, 2012
နှလုံးသားမင်းရှိရာ
အချစ်ဆိုတာအသစ်မလာခင်အထိဘဲရူးသွပ်တာပါ
အသစ်လာတော့လည်းမင်းကဘာမို့ လဲတဲ့ 
ဆော၇ီးကွယ်
ငါကအပြောင်းအလဲမများတတ်ဘူး
တယောက်ဆိုတယောက်သာချစ်တတ်သူပါ
ဒါပေမဲ့ 
နှလုံးသားလမ်းကြောင်းမှာကျွန်းခံနေလေရဲ့ 
တယောက်ကိုသိပ်ချစ်မိတော့လည်းး
ထားခဲ့ ခံလိုက်ရတာဘဲ
နောက်တယောက်ကိုအကြာကြီးမချစ်မိအောင်
ကြိုးစားနေခဲ့ ပါတယ်
သူ့ရဲ့ အကြင်နာတွေသူ့ရဲ့ မေတ္တာတွေ
နားလည်လာတော့
ကိုယ်ရဲ့ အချစ်တွေကိုပုံဖော်မိလာတော့
သူကထားသွားခဲ့ ပြန်တယ်..
တော်ပြီလေ
အချစ်အချစ်နဲ့ ယောက်ကျားတွေပါးစပ်ဖျားကထွက်ကျလာတဲ့ အချစ်က
တခဏတာလို့ သိလိုက်ရတော့
နှလုံးသားကပါသွားခဲ့ ပီလေ
သူ့ဆီကနေအလည်တခေါက်တောင်ပြန်မလာတော့ပါဘူး။

လွမ်းရပြီဘဲ
လွမ်းရပြီဘဲ......
ဘ၀ကအသံတိတ်ရေရွတ်ရုံဘဲ.....
ငါ့ရင်ထဲမှာကမ္ဘာပျက်နေတယ်.
မနေ့ကလိုဘဲဖိုရမ်ကလေးကလည်း
ရင်ထဲမှာတော့ ပူလောင်မှုတွေနဲ့  တလှပ်လှပ်
အတူတူနေခွင့်က တရက်ထက်တရက် ပိုလို့ဝေးးးး
မြို့ ပြကမီးရောင်တွေလည်း မှေးမှိန်ကုန်ပြီဘဲ......
တိမ်တွေရွေ့လျှားသွားတယ်
တယောက်တည်းသောက်တဲ့ ကော်ဖီ ခါးသထက်ခါးတယ်.
ဖြစ်ချင်တာရယ်ဖြစ်သင့်တာရယ်တဲ့ 
ခြားနားခြင်းတွေအဖြေရှာကြည့်ရင်
ရာသီဥတုသာယာတဲ့ အခါ
ကြယ်တာရာတွေလိုပါဘဲအမြန်ပြန်လာပါချစ်သူရယ်
လမိုက်ညတွေအပေါ်
ငါ့သက်ပြင်းချသံတွေညနက်သထက်နက်လာတယ်။
ကဗျာလေးတွေအမှတ်တ၇တင်ပေးခဲ့ တယ်
အိပ်မရနေလို့ အဟတ်
ပျော်ရွှင်ပါစေ

မဆိုင်သလိုပါဘဲ
မဆိုင်သလိုပါဘဲ
အဲဒီနေ့ကလား..................
ကြယ်ကြွေတွေ ချစ်သူခြေရင်းခစားလို့............
လေပြည်ညှင်းတွေဆောင်ယူလာတဲ့ 
ရနံစူးစူးက
နှလုံးသားကိုလောင်မြိုက်စေခဲ့ ပေါ့............
ကမ္ဘာပျက်သလိုပါဘဲ............
ဒါပေမဲ့ ညကသူနဲ့ မဆိုင်သလိုအိပ်နေတယ်။
အဲဒီနေ့ကလား
ငါ့အခန်းထဲမေးခွန်းတွေဘဲပြည့်နှက်လို့
ရင်တခုလုံးသေဆုံးခဲ့ ပေါ့
မိုးချုပ်သွားသလိုဘဲ
ဒါပေမဲ့ ဘ၀ကသူနဲ့ မဆိုင်သလို
မျက်နှာလွဲထားတယ်။

လွတ်မြောက်ခွင့်ပေးပါချစ်သူ
ကောင်းကင်ကိုမော့ကြည့်တော့..............
မင်းမျက်နှာကိုငါတွေ့ တရ်
ခေါင်းခါပြီးမျက်စိမှိတ်လိုက်တော့...............
မင်းရဲ့ အပြုံးကိုငါမြင်တရ်
ရင်ထဲမှာဟာတာတာနဲ့ 
မွန်းကြပ်တဲ့ အသက်ရှုသြံ့ကားမှာ
ရင်ခုန်သံတွေပြေးလွားနေခဲ့ တာ
မင်းနဲ့ ပတ်သတ်ခဲ့ တဲ့ အတိတ်
မင်းနဲ့ ပတ်သတ်ခဲ့ တဲ့ ပုံရိပ်
အားလုံးကိုကြက်ခြေခတ်ချင်ပေမဲ့ 
ဖြတ်မရနိုင်တဲ့ သံယောဇဉ်ကြိုးက
ငါ့နှလုံးသားကိုချည်နှောင်ထားတုန်းလေ
ပတ်သတ်ခဲ့ ပေမဲ့ 
ဆက်စပ်လို့မရတော့တဲ့ ဘ၀နှစ်ခုကြားမှာ
ထွက်ပေါက်တစ်ခုအဖြစ်နဲ့ သာ
ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ
တချက်လောက်မင်းပြုံးပြလိုက်ရင်
အဲဒါငါ့ရဲ့ ငိုကြွေးခြင်းတစ်ခုပါဘဲလေ။

မင်းနဲ့ ဝေးတဲ့ နောက်
ငါ့နှလုံးသားကိုငါကိုယ်တိုင်ကြိုးမိန့်ပေးလိုက်တာ
ဟိုအတိတ်ကာလတခုတုန်းကပေါ့
မျှော်လင့်ချက်တိုင်းကဒဏ်ရာတွေပါဆိုတာ
ပြန်မလာတဲ့ နင်ကအကြိမ်ကြိမ်သက်သေပြခဲ့ 
ငါလေမျက်ရည်ကျမဲ့ အစား
လွမ်းရင်းနဲ့ သာသေလိုက်ချင်တယ်
ကြာခဲ့ပီဘဲ
ဒီတမိုးတွင်းလုံး
ရင်ကျိုးမတတ်ရွာပြီးမှတော့
လာကြည့်စရာတောင်မလိုပါဘူး
ရင်ခွင်တစ်ခုလုံးဟာကွက်တွေချည်းဘဲ။

ငါကမိုးပါ ....
ချစ်သူလေးရေ
ငါကမိုးဖွဲလေးပေမဲ့ 
မင်းကိုစင်ကြယ်စေပြီး.................အေးတယ်ဆိုရုံလေးပါ။
ချစ်သူလေးရေ
ငါကလေပြည်လေးဆိုပေမဲ့ 
မင်းကိုတဖြေးဖြေးလေးနဲ့ .............မွှေးတယ်ဆိုရုံလေးပါ။
ချစ်သူလေးရေ
ငါကလျှပ်စီးတစ်ခုဆိုပေမဲ့ 
မင်းရဲ့ အလှထင်ပေါ်အောင်................လင်းလက်ရုံလေးပါ။
ဒါပေမဲ့ 
နှစ်တိုင်းမှာ ရာသီတွေက
အလှည့်ကျလည်ပတ်နေရတော့
မိုးဆိုတာ
မင်းအတွက်ခဏတာဘဲဖြစ်မှာပါ။

လေဟာနယ်
အရင်တစ်ခါကတော့
မမြင်တာနဲ့ဖြစ်တဲ့ပြဿနာ ….
ဒီတစ်ခါတော့
မြင်မှာကိုကြောက်တဲ့ပြဿနာ ….
တတ်လည်း တတ်နိုင်ပါပေရဲ့
လှည့်စားတဲ့စိတ်သဘောရယ်
အပြောလွယ်သလောက်
ခရီးမပေါက်တဲ့အဖြစ်
သက္ကရာဇ်တွေလည်း မှိုတက်ခဲ့ပေါ့ ….
အတွယ်အတာသံယောဇဉ်
ဘယ်အရာအမှန်ပြောချင်သေးလဲ
နေမြဲလို့ပြောနေပေမယ့်
ကုန်ဆုံးခဲ့အချိန်တွေမှာ
အစားထိုးစရာမှ မရှိတော့တာ
ဘယ်သူလာမှတ်ကျောက်ရေး
အမှတ်ပေးချင်နေသေးလို့လဲ ….
နေရာမှန် ပြန်ထားချင်ပေမယ့်
ပွန်းပဲ့ရှနာခဲ့ပြီးနောက်
ဘယ်လောက်ပဲတိကျနေပါစေ
နေရာလွဲနေမှာသေချာပါတယ်ချစ်သူ ….
အရင်တစ်ခါကတော့
မမြင်တာနဲ့ဖြစ်တဲ့ပြဿနာ ….
ဒီတစ်ခါတော့
မြင်မှာကိုကြောက်တဲ့ပြဿနာ ….
တတ်လည်း တတ်နိုင်ပါပေရဲ့
လှည့်စားတဲ့စိတ်သဘောရယ်
အပြောလွယ်သလောက်
ခရီးမပေါက်တဲ့အဖြစ်
သက္ကရာဇ်တွေလည်း မှိုတက်ခဲ့ပေါ့ ….
အတွယ်အတာသံယောဇဉ်
ဘယ်အရာအမှန်ပြောချင်သေးလဲ
နေမြဲလို့ပြောနေပေမယ့်
ကုန်ဆုံးခဲ့အချိန်တွေမှာ
အစားထိုးစရာမှ မရှိတော့တာ
ဘယ်သူလာမှတ်ကျောက်ရေး
အမှတ်ပေးချင်နေသေးလို့လဲ ….
နေရာမှန် ပြန်ထားချင်ပေမယ့်
ပွန်းပဲ့ရှနာခဲ့ပြီးနောက်
ဘယ်လောက်ပဲတိကျနေပါစေ
နေရာလွဲနေမှာသေချာပါတယ်ချစ်သူ ….
သူငယ်ချင်း..............................
နင်ဘယ်သူလဲ ဆိုတာ ငါအသေအချာမသိခဲ့ဘူး.......
ဒါပေမဲ့ နင်ဟာ ငါ့ရဲ့  သူငယ်ချင်းပါပဲ.........
ဘယ်သူဘယ်ဝါ ဆိုတာ ငါကိုယ်တိုင်ပဲ သတ်မှတ်လိုက်တယ်လေ.....။
နင် ဘယ်က လာသလဲ ဆိုတာလဲ ငါ အသေအချာမသိခဲ့ပြန်ဘူး....
ဒါပေမဲ့ နင်ဟာ ငါ ခင်တွယ်ရတဲ့ သူငယ်ချင်းပါပဲ....................
ငါတို့ နှစ်ယောက်ရဲ့  ခင်မင်မှုမှာ အရပ်ဒေသ မလိုဘူး......။
နင် ရုပ်ဆိုးလား ရုပ်လှလား ဆိုတာလဲ
ငါဂရုမစိုက်ဘူး..........
ဘာလို့ လဲ ဆိုတော့ နင်ဟာ ငါ့သူငယ်ချင်းဖြစ်လို့ ပေါ့.....
ငါတို့ တွေ ကြားမှာ ရုပ်ဆိုးရုပ်လှ မလိုပါဘူးလေ......။
နင် ဆင်းရဲတယ် ချမ်သာတယ်ဆိုတာ ငါ့အတွက်မလိုဘူး......
ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နင်ဟာ ငါ့ရဲ့  သူငယ်ချင်းပဲလေ....
ပိုင်ဆိုင်မှု ဆိုတာ ငါတို့ အတွက် ပဓာန မကျခဲ့ဖူးလေ........။
နင်ဟာ လူဆိုးလား လူကောင်းလားဆိုတာ ငါ့အတွက် သိပ်ပီး အရေးမပါပါဘူး......
ငါ နင့်အတွက် အမြဲတမ်း ပြုံးပေးနိုင်တယ်.....
ဘာလို့ လဲ ဆိုတော့ နင်ဟာ ငါ့ရဲ့  သူငယ်ချင်းဖြစ်နေလို့ ပေါ့....။
ငါတို့ တွေ စကားတွေ အများကြီး ပြောဖြစ်ကြတယ်....
အကြိမ်များစွာ ငြင်းခုန်ခဲ့ဖူးကြတယ်....
တို့ နှစ်ယောက်ရဲ့  ရယ်သံတွေ ဝေဖြာခဲ့ဖူးတယ်....
ရှိုက်ငိုသံတွေလဲ ထပ်တူကြခဲ့ဖူးတယ်.....
မမြင်ရတဲ့ အဖြူရောင် သံယောဇဉ်တွေနဲ့ 
ငါတို့ တွေ တစ်ဦးနဲ့ တစ်ဦး ရစ်ပတ်ခဲ့ကြတယ်......
အသိတွေ ဖလှယ်ခဲ့ကြတယ်.....
သတိတွေ ပေးပြီး ဆင်ခြင်ကြတယ်......
နင်မရှိတော့ရင်လို့  တွေးပြီး မရောက်လာမှာ ဆိုးလို့ 
နင်အရောက်လာမဲ့ လမ်းကို မျှော်နေခဲ့ဖူးတယ်.........။
နင့်မျက်နှာလို့  ငါသတ်မှတ်ထားတဲ့
ဖန်သားမျက်နှာပြင်ကို အကြိမ်ကြိမ် ငေးစိုက်ကြည့်ခဲ့ဖူးတယ်.....။
အကြိမ်ကြိမ် ရေရွတ်ပေမဲ့ အမြဲတမ်း မပြောင်းလဲတဲ့
စကားတစ်ခွန်းကို သီဆိုခဲ့မိတယ်
နင်ဟာ.............
ငါ့ရဲ့  အွန်လိုင်းထဲက သူငယ်ချင်းးးးးးးး

အေးခဲတာကို ငါကြောက်တယ်.. ဒါပေမယ့် နှင်းကို ငါချစ်မိသွားတယ်။
မှောင်မည်းတာကို ငါကြောက်တယ်... ဒါပေမယ့် ညကို ငါချစ်မိသွားတယ်။
နာကျင်တာကို ငါကြောက်တယ်... ဒါပေမယ့် ဒဏ်ရာအထပ်ထပ်ဖြစ်အောင် ငါ့ကိုယ်ငါညှင်းဆဲတယ်။
ဆူညံတာကို ငါမနှစ်သက်ဘူး... အထီးကျန်မှာကို ငါကြောက်ပြန်တယ်။
နင့်ကိုငါ ချစ်မိသွားတယ်... တစ်နေ့ နင်လှည့်ထွက်သွားမှာကို ငါကြောက်မိပြန်တယ်။
နင်ဟာ ငါ့ရဲ့နွေဦးရာသီလို့ ငါထင်ခဲ့တယ်။
လှပတဲ့နွေဦးရာသီလို နွေးထွေးခြင်းတွေ နင်သယ်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။
ပျော်ရွှင်ခြင်းကို ငါလိုချင်တယ်...ဒါပေမယ့် နင့်အတွက်နဲ့ မျက်ရည်တွေ ငါအခါခါကျပေါ့ကွယ်..
.
"ငါ့ကို နမ်းပါ"
လက်ထပ်ပြီးလဲ သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊
စိတ်ကောက်တတ်တုန်း....
တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။
အိမ်က ထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးက
ဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။
ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို
လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကို သူလှည့်ပြန်လာခဲ့တယ်။
တစ်ခါမှ သူစိတ်ဆိုးတာကို မခံဖူးတဲ့ သူမက လမ်းလယ်မှာ မျက်ရည်တွေနဲ့
တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့
မိန်းမတို့သဘာဝကို သူမ ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားခဲ့တယ်။
ည(၁၁)နာရီ သူမအိပ်ပြန်ရောက်တော့ အိမ်တစ်အိမ်လုံး အမှောင်ချထားဆဲပါ။
သူ အိပ်ပျော်နေပြီလား? သူ ပြန်မလာသေးဘူးလား?
လူခေါ်ဘဲလ်ကို မနှိပ်ဘဲ သော့ထုတ်ပြီး တံခါးဖွင့်ဖို့ သူမပြင်တော့
တံခါးရွက်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်တယ်။ "ငါ့ကို
နင်တောင်းပန်သင့်တယ်" လို့ စာရွက်ပေါ် ရေးထားတဲ့စာကိုတွေ့တော့ သူမ
စိတ်တိုမိတယ်။
အိမ်ထဲဝင်ပြီး မီးဖွင့်တံခါးပိတ်တော့ တံခါးရွက်နောက်မှာ စာရွက်တစ်ရွက်ကို
သူမတွေ့ပြန်တယ်။ "မတောင်းပန်ချင်ရင် ငါရှုးဖိနပ်ကို ပြောင်နေအောင်
တိုက်ပေးလည်းရတယ်" လို့ ရေးထားတာ တွေ့လိုက်ပြန်တော့ သူမ စိတ်ပိုတိုမိပြီး
"တိုက်စရာလား" လို့ အော်မိတယ်။
ဖိနပ်ချွတ်ပြီး ဖိနပ်ကို စင်ပေါ်တင်တော့ စာရွက်တစ်ရွက်တွေ့ပြန်တယ်။
"တိုက်စရာလား" လို့ ရေးထားတဲ့ စာတိုလေးကို ကြည့်ပြီး သူမပြုံးမိတယ်။
စိတ်ထဲမှာလည်း "တောင်းပန်ရမယ် ဟုတ်လား? တစ်ပတ်လောက် ဂရုမစိုက်ဘဲ
ပစ်ထားလိုက်မယ်။ ဘာမှတ်လဲ..." လို့ တစ်ဆက်တည်း တွေးလိုက်မိတယ်။
ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲ သူမဝင်တော့ မှန်ပေါ်မှာ ကပ်ထားတဲ့
စာရွက်တစ်ရွက်ကို တွေ့ပြန်တယ်။ "ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိရင်
စာအုပ်စင်ပေါ်က စာအုပ်မှာ သဲလွန်စရှိတယ်" လို့ ရေးထားတဲ့ စာကို
တွေ့ပြန်တယ်။
သိချင်စိတ်နဲ့ စာအုပ်စင်ရှိရာဖက် သူမ အပြေးသွားလိုက်မိတယ်။ စာအုပ်နဲ့
ဖိထားတဲ့ စာရွက်တစ်ရွက်ကို သူမ ယူကြည့်လိုက်တယ်။ "နောက်ကျောက
စာနှစ်ကြောင်းကို အသံထွက်ပြီး ရွတ်ပြပါ" လို့ ရေးထားတာမြင်တော့
စာရွက်နောက်ကျောကို သူမ လှန်ကြည့်လိုက်တယ်။ တီဗွီမှာအမြဲလာနေတဲ့
ကြော်ငြာစာသားတစ်ကြောင်းကို သူမတွေ့လိုက်တယ်။
"လတိုင်း စိတ်ညစ်ရတဲ့ ရက်တွေရှိတာ မိန်းမသားတို့ သဘာဝပါ"
ကြော်ငြာစာသားကို ကြည့်ပြီး သူမရယ်ချင်မိတယ်။ နေ့လယ်က
စိတ်ဆိုးဒေါသထွက်ပြီး မခေါ်ဘဲပစ်ထားမယ်လို့ တွေးထားတဲ့ အတွေးတွေလည်း
ပျောက်ကုန်တယ်။
ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ဖို့ သူမပြင်လိုက်တယ်။ တစ်ဖက်လှည့်ပြီး
အိပ်မောကျနေတဲ့သူကို စောင်းငဲ့ပြီးတောင် မကြည့်လိုက်မိဘူး။ မအိပ်ခင်
စာဖတ်တတ်တဲ့ သူမရဲ့အကျင့်ကြောင့် ဖတ်လက်စစာအုပ်ကို သူမကောက်ယူလိုက်တယ်။
စာအုပ်ကြားမှာ စာရွက်တစ်ရွက် ထွက်ကျလာပြန်တယ်။
"နင်လည်း စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ငါလည်း ငါ့ကိုယ်ငါ
ချင့်ချိန်သင့်တယ်။ ငါ့ကိုနင် အပြစ်ရှာတုန်းက လမ်းတစ်ဖက်မှာ
ငါ့သူငယ်ချင်းတွေကို ငါတွေ့လိုက်တယ်။ ငါ့ကို မယားကြောက်ဆိုပြီး စဖို့
သူတို့က လမ်းစလိုက်ရှာနေကြတာ။ နင့်နဲ့ငါ ပြိုင်ငြင်းတာတော့ မဟုတ်ဘူးနော်။
ယောက်ျားပဲကွာ... အိမ်မှာ မိန်းမကို ဘယ်လိုပဲချစ်ချစ်၊
ဘယ်လောက်ပဲကြောက်ကြောက် အပြင်လူရှေ့သူရှေ့ရောက်ရင် မျက်နှာသာတော့
လိုချင်တာပေါ့။ ဘယ်သူမဆို ကိုယ့်မိန်းမနဲ့ သင့်မြတ်ချင်ကြတာချည်းပဲ"
စာဖတ်ပြီး သူမ မှားသွားမှန်း သိလိုက်တယ်။ သူမ လွန်သွားမှန်းလည်း
တွေးမိလိုက်တယ်။ ဝမ်းနည်းတဲ့ စိတ်နဲ့ သူ့ကို သူမ သိုင်းဖက်ပြီး ကိုယ်ကို
ဆွဲလှည့်လိုတော့ သူ့မျက်နှာပေါ်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို
တွေ့လိုက်ပြန်တယ်။
စာရွက်ပေါ်မှာက "ငါ့ကို နမ်းပါ" တဲ့......

အနှစ်သက်ဆုံးသောကဗျာတပုဒ်
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။)

သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?
အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။
"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?

တနေ့ငါမင်းကို မရှုပ်တော့ရင်.....
တနေ့ မင်းငါ့ကို ဆက်သွယ်လို့မရတော့ဘူးဆိုရင်… မင်းဝမ်းမနည်းပါနဲ့… စိတ်မထိခိုက်ပါနဲ့… ငါကို သတိမရပါနဲ့…
ဒီလို ကောင်လေး/ကောင်မလေးတယောက် မင်းကမ္ဘာထဲကို ၀င်ရောက်ခဲ့တယ်ဆိုတာကို မင်းမေ့လိုက်ပါ။
တနေ့ မင်းဆီ ငါဖုန်းမဆက်တော့တဲ့အခါ မစောင့်မျှော်ပါနဲ့ ငါ့ကိုမရှာပါနဲ့ ဒီလိုမှာ ငါစိတ်ချစွာထွက်ခွါသွားနိုင်မှာ။
တနေ့ မင်းဘေးနားမှာ ရစ်မဲ့သူမရှိတော့ဘူးဆိုရင်….. ငါအမြဲမှန်တယ်လို့ပြောတဲ့ငါ မင်းအပေါ် အလိုက်မသိ ဆိုးတဲ့ငါ…
နောက်ငါးမိနစ် သုံးမိနစ် ဆိုပြီး ဖုန်းပြောဖို့ ဈေးစစ်နေတဲ့ ငါ… ဖုန်းချတော့မယ်ဆိုလဲ အာဘွား….
ပြန်တော့မယ်ဆိုလဲ နွေးထွေးတဲ့ပွေ့ပိုက်မှုကို တောင်းဆိုတဲ့ ငါ ….
ဒီလို ငါ သာပျောက်သွားရင် ဒီကမ္ဘာမှာမရှိတော့ရင်…………………မင်းဝမ်းနည်းမှာလား…..
တနေ့ ငါဆီက မေးလ်တွေ မရောက်ရင် မင်းကို လာကြိုခိုင်းဖို့ မပြောရင် ……. မင်းကို ချွဲမဲ့သူ မင်းဆိုးတာလေးကို သဘောကျတဲ့..
မင်းစကားသံကို နားထောင်ချင်တဲ့ … မင်းလာကြိုတာကို စောင့်ချင်တဲ့… မင်းဆီ ဘာမှမဟုတ်တဲ့ မေးလ်တွေပို့ချင်တဲ့….
မှားသွားရင်လဲ ငိုနေတဲ့ မျက်နှာလေး… တတွတ်တွတ်ရွတ်နေတဲ့ အဘွားကြီးပေါက်စလေး…
တခါတလေမှာ အလိုလိုက်ပြီး တခါတလေ လုပ်ချင်တာကိုလုပ်တဲ့…. ဒီလို ငါ မရှိရင် .. မင်းစိတ်ထိခိုက်မှာလားးးးးးးးးးးး
ဒီလိုတနေ့ရောက်ခဲ့ရင် မင်းငါ့အတွက်နဲ့ ၀မ်းနည်းစေချင်တယ်။ စိတ်လဲထိခိုက်စေချင်တယ်… နည်းနည်းလောက်တော့ သတိရပါ…
ငါတို့ရဲ့အတိတ်တွေကို မင်း တစိတ်လောက်မှတ်မိနေရင် ငါကျေနပ်ပါတယ်…….
တနေ့ မင်းအွန်လိုင်းဝင်လို့ ဖြူဖွေးနေတဲ့ ဆံပင်တွေကို မြင်လိုက်ရင် ငါတကယ် ပင်ပန်းနေလို့ပါ… ငါ ဒဏ်ရာတွေနဲ့ နာကျင်နေလို့ပါ……
တနေ့ မင်းရဲ့ဘ၀ထဲမှာငါမရှိတော့ရင်… ငါမင်းအပေါ်ကောင်းခဲ့တာတွေ ၊ ငါ့ရဲ့ တယူသန်မှုတွေ၊ ခေါင်းမာတာတွေ၊ ငါနားလည်ခွင့်လွတ်ပေးတာတွေ၊ ငါဂရုစိုက်တာတွေ………. ငါကလေးလိုပြောနေတဲ့ အရူးစကားတွေ ၀မ်းနည်းတဲ့အချိန် စီးကျတဲ့ မျက်ရည်စက်တွေ သက်ပြင်းလေးချပြီးပြောတဲ့စကားတွေ…. ငါကိုသတိရပေးပါ….
ခေါင်းမော့လိုက်ရင် မိုးကောင်ကင်ကြီး၊ ခေါင်းငုံ့လိုက်ရင် မြက်ခင်းစိမ်း၊ အသက်ရှူနေတဲ့ လေထု ဒါတွေတူနေရင် ငါမင်းကိုခံစားပြီး သတိရလို့ရပါတယ်……………..
တနေ့ မင်းရဲ့အတွေးထဲ ငါမရှိတော့ဘူးဆိုရင် ငါဘာကြိုက်တယ် ငါဘာကိုမကြိုက်ဘူး ဘာကို သဘောကျတယ် ဘာကိုကြည်နူးတက်တယ် ဘာကိုနာကျင်တက်လဲဆိုတာတော့ မမေ့ပါနဲ့။ မင်းနဲ့ပတ်သက်တဲ့ အတိတ်တွေအားလုံး မင်းအကျင့် မင်းရဲ့ပျော်ရွှင်မှု ၀မ်းနည်းမှုတွေ မင်းနှစ်သက်တာတွေ မင်းမနှစ်သက်တာတွေ မင်းစိတ်ရှုပ်တာတွေကို ငါရင်မှာကဗျည်းထိုးထားတယ်။
အချစ်ဆိုတဲ့အရာမှာ ညီမျှတယ်ဆိုတာမရှိသလို ငါဘယ်လောက်ထိပေးဆပ်နေရတယ်ဆိုတာကို ငါမတိုင်းထွာပါဘူး… ဘာလို့လဲဆို အပျော်ရွှင်ဆုံးပျော်ရွှင်မှုကို မင်းပေးထားလို့ပါ……
တနေ့ မင်းဘ၀ထဲကငါပျောက်ကွယ်သွားရင် ငါနဲ့ပတ်သက်တဲ့အကြောင်းအရာအားလုံးကို မေ့လိုက်ပါ။ မင်းစိတ်ထိခိုက်မှာစိုးလို့ပါ။ ၀မ်းနည်းမှာစိုးလို့။ သတိရနေမှာစိုးလို့။ ဒါတွေက မင်းငါ့ကို ချစ်လို့မဟုတ်ပါဘူး။ ငါနဲ့ပတ်သက်တာတွေက အကျင့်တခုလိုဖြစ်သွားတဲ့ ငါ့ရဲ့ဖုန်း ငါ့ရဲ့မေးလ်
ငါ့ရဲ့အားကိုးမှု ငါ့ရဲ့အချစ် ငါ့ရဲ့နားလည်မှုတွေပါ……..
လူတစ်ယောက်က သူ့ဘ၀မှာ နောက်တယောက်က ရှိနေတဲ့ဆိုတဲ့အသိနဲ့ အဲဒီတယောက်ကို ကြိုက်ကြိုက်မကြိုက်ကြိုက် ပျေက်ကွယ်သွားရင် အနည်းအများတော့ စိတ်ထိခိုက်မှာပါ…
တနေ့ မင်းရဲ့အနာဂတ်မှာ ငါမရှိဘူးဆိုရင် စိတ်ဓါတ်မကြံ့ခိုင်တဲ့ငါ ဒီလောကကိုရင်ဆိုင်တဲ့အခါ ဘာတွေဖြစ်လာမှာလဲ…… မင်းကတော့မင်းပါပဲ…. ငါထောင့်တနေရာကနေ ၀မ်းနည်းပူဆွေးနေတာကို မင်းမြင်နိုင်ပါ့မလား… ငါမင်းလေးနားမှာ အမြဲရှိနေတာမင်းသိပါ့မလား….
မင်းစိတ်ညစ်တဲ့အချိန် ငါရယ်စရာတွေမပြောနိုင်တော့ရင် မင်းဝမ်းနည်းလို့ငါမနှစ်သိမ့်နိုင်ရင် မင်းအနားကလုံးဝထွက်ခွါသွားရင်…..
ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုရင် ငါဝမ်းနည်းမှာ ငါအသဲကွဲမှာ ….. ငါစိတ်ကုန်နေလောက်ပြီ…. ငါဟန်ဆောင်နေခဲ့တယ်…
ဘာမှမဖြစ်တဲ့ပုံစံနဲ့ နေနေတယ်… အမှန်တော့ ယူကျုံးမရအောင် ငိုကျွေးနေရတယ်… ငါအရေးမလုပ်တဲ့ပုံစံနဲ့နေနေတယ်…
အမှန်တော့ ဒါဟာငါ့ဘ၀မှာ အရေးကြီးဆုံးပါ… မင်းကတော့………………….. မင်းအတွက်ငါကဘယ်လောက်ထိအရေးပါလဲ……………..
ငါမင်းအနားက ဘယ်တော့မှမထွက်ခွါဘူးလို့ပြောခဲ့တယ်…..
ငါထွက်ခွါရင် မင်းဘယ်လိုဖြစ်သွားမလဲဆိုတာတော့ မင်းမပြောခဲ့ဘူး…..
ငါနားလည်ပါတယ်…. ငါမကောင်းတာပါ…. မင်းရဲ့ဘ၀မှာ ငါဆိုတဲ့ ငါ မရှိသင့်ဘူး….
ငါ မင်းအနားက မင်းမသိတဲ့နေရာလေးမှာငါနေပြီး တိတ်တခိုးနဲ့ ငါချစ်နေသင့်တယ်… ငါသတိရနေသင့်တယ်…
ငါ အားလုံးအားလုံးကို ဖော်ပြလိုက်တဲ့အချိန်မှာ မင်းသိသွားတယ်… နားလည်သွားတယ်….
သဘောပေါက်တယ်.. ဒါပေမဲ့ ငါမရှိတော့ဘူးးးးးးးးးးးးးးးးးးးးးးး
ဒီနေ့ရဲ့ သူစိမ်းဆန်မှုဟာ မနေ့ကရင်းနှီးခဲ့လို့ပါ………

"ဆောရီး"လို့အလွယ်တကူမပြောပါနဲ့
ကောင်လေးနဲ့ ကောင်မလေးက ငယ်ငယ်လေးတည်းက အတူ ကြီးပြင်း လာကြသူတွေ ဖြစ်တယ်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်က ချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း
ကောင်လေးရဲ့ ပလိုင်းထဲမှာ ငါးတွေကအပြည့်… ကောင်မလေးမှာတော့ လက်ဗလာနဲ့
ပြန်ခဲ့ရတာချည်းပဲ။ ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့
အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။
ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နှုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ ကောင်လေးက ကပျာကယာရှေ့တက်ပြီး
“နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်” လို့
တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို လှမ်းပေးတယ်။
စူနေတဲ့ကောင်မလေးရဲ့ နှုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့်
ဖူးပွင့်လာခဲ့တယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း
သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။
အဲဒီ “ဆောရီး” က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။
ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။ ကောင်မလေးငိုတဲ့အထိ သူအစသန်ခဲ့သလို ကောင်မလေးရယ်တဲ့အထိ သူချော့တတ်ခဲ့တယ်။ ကောင်လေးက ကောင်မလေးရဲ့စက်ဘီးကို အမြဲလေခိုးလျှော့ပြီး တစ်နေရာမှာ
ပုန်းနေတတ်တယ်။ ခြေမကိုင်၊ လက်မကိုင်မိဖြစ်နေတဲ့ ကောင်မလေးကို
ချောင်းကြည့်ရင်း သူ့ဆီဆက်လာမယ့် ကောင်မလေးရဲ့ဖုန်းကို သူစောင့်နေခဲ့တယ်။
ပြီးတော့ ကောင်မလေးဆီက လေခိုးလျှော့တဲ့သူခိုးကို ဆူပူကြိမ်းမောင်းသံတွေ
နားထောင်ပြီး သူသဘောကျနေတတ်တယ်။ ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့
အဲဒီလိုအပြုအမှုကို သူအရမ်းနှစ်ခြိုက်ခဲ့တယ်။
ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး အဝေးကအခုမှ ရောက်လာဟန်နဲ့ လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ်တယ်။ ဘေးက ပွစိပွစိရေရွတ်နေတဲ့ ကောင်မလေးကိုကြည့်ပြီး သူခိုးရယ်နေတတ်တယ်။ ပြီးမှ
စိတ်မကောင်းဟန်နဲ့ “ဆောရီး…. ငါမှားသွားတယ်” လို့ တောင်းပန်တတ်တယ်။
ကျိန်ဆဲနေတဲ့ ကောင်မလေးနှုတ်ခမ်းတွေ ပျော့ပျောင်းသွားပြီ
နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို့ ကောင်လေးကို ဆုံးမတတ်တယ်။ ကောင်မလေးရဲ့
အဆုံးအမအောက်မှာ ကောင်လေးက ခေါင်းငုံ့လို့….. နေ့ရက်တွေကို ရယ်မောခြင်းနဲ့
သူတို့အဆုံးသတ်ခဲ့ကြတယ်။
အဲဒီ “ဆောရီး” က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။
ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး ကိုယ်စီအလုပ်ဝင်ကြတယ်။ ကောင်လေးကအလုပ်များပြီး နားရက်တွေ သိပ်မရှိခဲ့ဘူး။ ကောင်မလေးက သူ့ကိုဂရုမစိုက်ဘူးဆိုပြီး
ကောင်လေးကို အပြစ်တင်တယ်။ နောက်တော့ ပထမဆုံးအကြိမ် သူတို့ရန်ဖြစ်ခဲ့ကြတယ်။
ကောင်မလေးငိုတော့ ကောင်လေးက “ဒါ ငါ့အလုပ်အတွက်” လို့ ဖြေရှင်းတယ်။
ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာသွားတယ်။ နောက်တော့လည်း ကောင်မလေးက မနေနိုင်ပါဘူး။ ကောင်လေးကို ပြန်ခေါ်ပြီး စစ်ပြေငြိမ်းကြောင်း လက်နက်ချတယ်။ နောက်ပိုင်းမှာ
သူတို့မကြာခဏ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် လုပ်ခဲ့ကြတယ်။ ရန်ဖြစ်တိုင်းလည်း
ကောင်မလေးဘက်ကစပြီး ပြေငြိမ်းတာချည်းပဲ။
အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့ ကောင်လေးက ကောင်မလေးကို ဂတိပေးတယ်။ မွေးနေ့မှာ ကောင်လေးအလာကို ကောင်မလေးစောင့်နေခဲ့တယ်။
ညဥ့်နက်သန်းခေါင်အထိ၊ မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။ မနက်နိုးလာတဲ့
ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းရာတွေ စွန်းထင်းလို့….
ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း “ဆောရီးနော်…
နင့်ကို ငါလက်ထပ်ပါရစေ” ဆိုပြီး လက်စွပ်တစ်ကွင်းထုတ်ပေးတယ်။
အဲဒီ “ဆောရီး” က တစ်ဘဝစာကို တာဝန်ယူရဲတဲ့ဆောရီးဖြစ်ပါတယ်။
မင်္ဂလာဆောင် အတူနေပြီးတဲ့နောက် ကောင်လေးရဲ့အလုပ်အကိုင်တွေ ပိုတိုးတက်အောင်မြင်ခဲ့တယ်။ ကောင်မလေးက ကောင်လေးအတွက် နေ့တိုင်းချက်ပြုတ်၊ လျှော်ဖွပ်နဲ့ ကျွမ်းကျင်တဲ့
အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့တယ်။ ကောင်မလေးက ဈေးသွားတိုင်း
ငါးလေးတွေဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။ “ဘာကြောင့်လဲ” လို့
ကောင်လေးမေးခဲ့ရင် ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။
တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်။ ပြန်လာတိုင်းလည်း ရေမွှေးနံ့တစ်မျိုးမျိုးက ကောင်လေးကိုယ်မှာ ကပ်ငြိလာတတ်တယ်။ ဒါကို ကောင်မလေး မမေးခင် အကြောင်းအမျိုးမျိုးပြပြီး
ကောင်လေးဖြေရှင်းတတ်တယ်။ အဲဒီကစ ကောင်မလေး စကားသိပ်မပြောတော့ဘူး။
အရင်ကလိုလည်း မသွက်လက်တော့ဘူး။ ဘယ်မှလည်း သိပ်မသွားတော့ဘဲ မရွှင်မပျနဲ့
အိမ်ထဲမှာပဲ အောင်းနေတတ်ခဲ့တယ်။ ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး
ကောင်မလေးငိုနေတတ်တယ်။
နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း သူ့ကိုယ်ပေါ်မှာ ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။ ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။ ဒါကိုကောင်လေးက မလုံသလိုနဲ့ “ဆောရီး… ဒီနေ့ အလုပ်မှာ
စားပွဲသောက်ပွဲရှိပြန်တယ်” လို့ ပြောတတ်တယ်။
အဲဒီ “ဆောရီး” က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။
တဖြေးဖြေး အလုပ်အကြောင်းပြပြီး ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။ အလုပ်အကိုင်ကောင်းလေ၊ ဘေးက မြှောက်ပင့်တဲ့လူများလေနဲ့ ကောင်လေးရဲ့နေ့ရက်တွေက
မြှောက်ပင့်သံတွေကြားထဲမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကုန်ဆုံးခဲ့တယ်။
ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင် အထွက်နည်းခဲ့တယ်။ ကိုယ့်ကိုယ်ကို
အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။ အရင်တုန်းက
ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့ တီတီတာတာစကားလေးတွေ ရှိခဲ့ပေမယ့်
အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်ထဲ အဖော်မဲ့လို့ အထီးကျန်နေခဲ့ရတယ်။
ကောင်လေးကို “ဘယ်အချိန် ပြန်လာမလဲ?” လို့ မေးတိုင်း ကောင်လေးက အစာသီးနင်သွားတဲ့အသံနဲ့ “ဆောရီး… ငါအလုပ်များနေတယ်” လို့ ပြန်ဖြေတတ်တယ်။ ဖုန်းခွက်ကို မသာမယာချရင်း ကောင်မလေး
စိတ်မကောင်းဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန်
အိမ်ပြန်လာမလဲဆိုတာကို သူမမေးခဲ့တော့ဘူး။
အဲဒီ “ဆောရီး”က ဝတ်ကျေတမ်းကျေပြောတဲ့ ဆောရီးဖြစ်ပါတယ်။
ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။ ကောင်လေးအိမ်မပြန်တာဟာ တစ်နေ့တစ်နေ့ အိုစာသွားတဲ့ သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီး အလှတွေ သူစပြင်ခဲ့တယ်။
ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်မှရနိုင်မယ်၊
တွန့်ဆုတ်နေလို့ မဖြစ်မှန်း သူသိခဲ့တယ်။
အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး ကောင်လေးဆီကို သွားခဲ့တယ်။ ဒါဟာ ကောင်လေးရဲ့အလုပ်ဆီ ပထမဆုံးအကြိမ် သူသွားခဲ့တာဖြစ်သလို နောက်ဆုံးအကြိမ်လဲဟုတ်ခဲ့တယ်။ ဓာတ်လှေကားခလုတ်ကို
နှိပ်ပြီး ကောင်လေးအမြဲပြောတဲ့ “အလုပ်များတယ်” ဆိုတဲ့နေရာကို
သူရောက်လာခဲ့တယ်။ ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို
သူလိုက်ကြည့်ခဲ့တယ်။ နေရာတိုင်းက လှပလို့နေတယ်။ ဝရန်တာကိုဖြတ်ပြီး
ကောင်လေးရဲ့ရုံးခန်းဆီ သူရောက်လာခဲ့တယ်။ ရုံးခန်းတံခါးကို သူသာသာလေး
တွန်းဖွင့်ကြည့်လိုက်တဲ့ တခဏ သူအံ့သြမင်သက်သွားမိတယ်။
သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက သူ့ခင်ပွန်းမဟုတ်ခဲ့ဘူး… သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့ နောက်တောက်တောက် ကောင်လေးမဟုတ်ခဲ့ဘူး… ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့ ကောင်လေးလည်း
မဟုတ်ခဲ့ဘူး….
တစ်ခြားမိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေတဲ့ ယောက်ျား၊ သွေးသားတွေ ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေခဲ့တယ်။
ကောင်မလေးကိုတွေ့တော့ ကောင်လေးက ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။ နေရာကနေ ကောင်မလေး ချက်ချင်းလှည့်ထွက်တော့ နောက်ကနေ ကောင်လေးအပြေးလိုက်တယ်။ အဲဒီညက မိုးတွေသည်းသည်းမည်းမည်း ရွာသွန်းလို့………
ကောင်လေးရဲ့အော်သံတွေကို ကောင်မလေး ဂရုမစိုက်ခဲ့တော့ဘူး။ “ဆောရီးပဲ…. နင့်ကိုပဲ ငါချစ်ပါတယ်ကွာ… နင့်ကိုပဲ ငါတကယ်ချစ်တာပါ” တဲ့။ ကောင်လေးရဲ့အော်သံတွေ မိုးသံနဲ့အတူ ရောထွေးလို့
ကောင်မလေးမကြားခဲ့ပါဘူး။
အဲဒီ “ဆောရီး” က လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။
ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး။ ကောင်မလေးပျောက်နေခဲ့တယ်။ ကောင်မလေးမရှိတော့ ကောင်လေးရဲ့ကမ္ဘာက မှောင်မည်းလို့… အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး။ နေ့ရက်တွေကို
အရက်နဲ့ဖြတ်သန်းခဲ့တယ်။ ကောင်မလေးကို လိုက်ရှာချင်ပေမယ့် သူငယ်ချင်းမရှိတဲ့
ကောင်မလေးကို ဘယ်သွားရှာရမှန်း မသိခဲ့ဘူး။ ကောင်မလေးရဲ့တစ်ဦးတည်းသော
သူငယ်ချင်းက သူပဲရှိခဲ့တာမို့ ဖုန်းအလာကို စောင့်နေဖို့ပဲ
ကောင်လေးတတ်နိုင်ခဲ့တယ်။ ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့
ဖုန်းကို (၂၄)နာရီလုံး ဖွင့်ပြီးစောင့်နေခဲ့တယ်။
ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့တယ်။ တစ်နေ့မှာ စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။ ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့ နမူနာရုပ်ကြွလေးတွေပါတယ်။
ငါးတချို့က သစ်ရွက်လေးဘေးမှာ၊ တချို့က မြက်တွေကြားထဲမှာ
ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။ ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး စာထဲမှာ
ဒီလိုရေးထားပါတယ်။
“နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။ ငါပျော့ညံ့လွန်းလို့ဖြစ်မယ် ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင်လို့လည်းဖြစ်မယ်။ ငါ နေကောင်းတယ်။ နင့်ကိုခွဲပြီး
ဘယ်လိုရှင်သန်ရမယ်ဆိုတာကို ငါသိခဲ့တယ်။ ငါ့ကိုယ်ငါ
ဂရုစိုက်ကျွေးမွေးနိုင်ခဲ့တယ်။ နင့်အပြန်ကို ငါနေ့တိုင်း
စောင့်စရာမလိုတော့ဘူး။ ဟင်းတွေ ပူပူနွေးနွေးချက်ပြီး အေးစက်သွားတဲ့အထိ
ငါစောင့်စရာ မလိုခဲ့တော့ဘူး။ ဖုန်းလည်း ငါမသုံးတော့ဘူး။ နင့်အတွက်နဲ့
(၂၄)နာရီလုံး ဖုန်းကို ငါဖွင့်ထားစရာလဲ မလိုတော့ဘူး။
ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်ဆိုတာကို ငါနားလည်သွားပြီ။ လှပတဲ့နေ့ရက်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို ငါသိသွားပြီ။ နင့်ကို ဘယ်လိုချစ်ရမယ်ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။
ဘာဖြစ်လို့လဲဆိုတော့ ငါ့အချစ်တွေကို အနာတရဖြစ်အောင်
နင်ဆော့ကစားခဲ့လို့ဖြစ်တယ်။ ကွာရှင်းစာချုပ်ကို ငါးကန်အောက်မှာ
ငါဖိထားခဲ့တယ်။ နင်လက်မှတ်ထိုးပြီးရင် ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။
ဆောရီးပဲ…. ငါစိတ်တွေ ပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ”
လိပ်စာအတိုင်း ကောင်မလေးကို ကောင်လေးသွားရှာခဲ့တယ်။ ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးဆီက ခွင့်လွတ်ခြင်းတွေယူပြီး ကောင်မလေးမရှိရင် သူ့ဘဝ
မရှင်သန်ရဲတဲ့အကြောင်းပြောဖို့ ကောင်လေးလိုက်သွားခဲ့တယ်။ ဒါပေမယ့်
အိမ်တံခါးဖွင့်ပေးတဲ့သူက ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။ ကောင်လေးဆီက
စာရေးပြီးတဲ့နောက် သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်လို့ ကောင်မလေးအဖေက
စိတ်မကောင်းစွာပြောတယ်။ ကောင်လေးအသိတွေ ချာချာလည်ကုန်တယ်။ နောင်တတွေက
တပွေ့တပိုက်နဲ့ သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။
တချို့ “ဆောရီး” က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။
ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ တန်ဖိုးထားမြတ်နိုးသူတစ်ယောက်ကိုတော့ လူတိုင်းကြုံကြရမှာပဲ။ အဲဒီလို ကိုယ့်ကိုယ်တန်ဖိုးထားသူကို မြတ်နိုးတတ်ပါစေ။ “ဆောရီး”ဆိုတဲ့
တောင်းပန်မှုတိုင်းက “ကိစ္စမရှိပါဘူး”ဆိုတဲ့စကားနဲ့
လဲလှယ်လို့မရနိုင်ခဲ့ပါဘူး။ ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့
အနာတရနဲ့ဒဏ်ရာတွေ မပေးမိပါစေနဲ့။ ဒါဟာ နှစ်ဦးနှစ်ဖက်လုံးကို
ထိခိုက်နာကျင်စေပါတယ်။
ဒီပုံပြင်ကို ကြိုက်နှစ်သက်ခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးပါ။ “အချစ်”ဆိုတာကို ခံစားစေပြီး “ဆောရီး”ကို အလွယ်တကူ မပြောမိဖို့ သူတို့နားလည်တတ်ပါစေ….
5.2.12(sunday ) 2 pm

မေမေ.......
မေမေ့ကိုအရမ်းလွမ်းတရ်ဒီမနက်.
အမြဲတမ်းဆူးလေးအိပ်ရာနိုးချိန်ကစောတတ်ပါတယ်မေမေရဲ့ ။
မနက်မိုးလင်းရင်ထတော့ဆူးလေးမိန်းခလေးဆိုတာနေမြင့်တဲ့ အထိမအိပ်ရဘူးလိမ်မာတယ်နော်မေမေ့သမီးကဆိုတဲ့ အသံလေးလွမ်းတယ်။
အိပ်ချင်မူးတူးထလာတဲ့ သမီးကိုသောက်ရေတခွက်အရင်ဆုံးတိုက်တတ်တဲ့ မေမေ့ကိုလွမ်းတယ်.
မေမေပြင်ပေးတဲ့ မနက်စာဆူးမစားရတာကြာလှပီမေမေရယ်
ဘယ်မှာလဲမေမေ့လက်ရာထမင်းကြော်ဘယ်မှာလဲမေမေနှပ်ပေးတဲ့ ကော်ဖီလေးဆူးမေမေ့ကိုလွမ်းတယ်။
မေမေနဲ့ အတူဘုရားဆွမ်းတော်ကပ်မယ်ရေတော်ပန်းတော်လဲမယ်မေမေ
ခုဆူးတယောက်ထဲရယ်ပါ။မေမေသင်ပေးခဲ့ သလိုတရက်မှမပျက်ခဲ့ ပါဘူးမေမေ။
ဆူးလေးဆေးသောက်ချိန်လို့ မနက်၈နာ၇ီတိုင်းသတိပေးတတ်တဲ့ မေမေ့ကိုလွမ်းတယ်။
မနက်၁၀နာ၇ီ၁၁နာ၇ီဆိုရေအတင်းချိုးခိုင်းတဲ့ မေမေ့ကိုလွမ်းတယ်
ညနေရေချိုးရင်ဆူးလေးဖျားလိမ့်မယ်နော်လို့ ပြောတတ်တဲ့ မေမေ့ကိုလွမ်းတယ်။
မနက်စာဖွယ်ဖွယ်ရာရာနဲ့ မေမေ့လက်ရာထမင်းဝိုင်းလေးကိုလွမ်းတယ်။
ဟင်းတခွက်၊အသုတ်တခွက်၊အရေသောက်တခွက်၊အကြော်တခွက်၊ငပိရည်ဒါမှမဟုတ်ငပိကြော်နဲ့ တို့ စရာ
လွမ်းတယ်မေမေ။ဆူးဘာသာလေခုတလောခေါက်ဆွဲပြုတ်နဲ့ ညားနေတာကြာပီမေမေရဲ့ ။
ကိုယ့်ဘာသာချက်တဲ့ ဟင်းကိုယ်ပြန်အားမပေးချင်လောက်အောင်ကို
ဆူးထမင်းစားမကောင်းတာကြာပြီမေမေရယ်။
ဆူးခုလေမေမေမကြိုက်တဲ့ ပန်းကန်ထဲဟင်းတွေပုံပြီးထမင်းစားပွဲမဟုတ်တဲ့ 
ကွန်ပြူတာရှေ့မှာစားတတ်နေပြီမေမေမဆူပါနဲ့ နော်။
ထမင်းစားပွဲမှာတယောက်တည်းဆူးမစားချင်တော့ဘူးမေမေ
မျက်ရည်ကျပြီးဒီအရသာမရှိတဲ့ ထမင်းအေးစက်စက်တွေဆူးမကြိုက်ဘူး။
နေ့လည်ဆိုတရေးအိပ်ခိုင်းတတ်တဲ့ မေမေ့ကိုလွမ်းတယ်။
ငွေဘယ်လောက်ကုန်ကုန်ကွယ်ဆူးလေးသက်သာရင်ကျေနပ်တယ်ဆိုပြီး
ဆူးလေးခေါင်းကိုပုတ်ပြီးပြောတတ်တဲ့ မေမေ့အပြုံးမျက်နှာလေးလွမ်းတယ်။
နေ့လည်၂နာရီဆိုဆူးလေးခနဆေးသောက်လိုက်ပါဦးပြီးမှပြန်အိပ်နော်ဆိုတဲ့ အပြောချိုချိုလေး
ဆူးလေးလွမ်းတယ်မေမေ။
ညနေစောင်းရင်လမ်းလျှောက်ရအောင်ဆူးလေးရယ်
အိမ်ထဲဘဲမနေနဲ့ သမီးလေးလာဆိုပြီးလက်အတင်းဆွဲခေါ်တတ်တဲ့ မေမေ့ကိုလွမ်းတယ်။
ညဘက်တူတူကြည့်တဲ့ ကိုရီးယားကားထဲကမေမေကြိုက်တဲ့ဂျွန်စောရယ်
ဆူးလေးကြိုက်တဲ့ ထယ်စောက်ရယ်ဘယ်သူပိုချောလဲငြင်းချင်သေးတယ်မေမေရယ်။
ညနက်နက်နေတတ်တဲ့ ဆူးလေးကိုအတင်းချော့မော့အိပ်စေတဲ့ မေမေ့ကိုလွမ်းတယ်။
ညမအိပ်ခင်ဘုရားကန်တော့လေဆူးလေး
ဘုရားတရားနဲ့ ဝေးတာမေမေမကြိုက်ဘူးနော်ဆိုတဲ့ ဆူသံလေးလွမ်းတယ်။
ညအိပ်ရာဝင်ခါနီးတိုင်းနွားနို့ တခွက်ကိုဇွတ်တိုက်တတ်တဲ့ မေမေ့ကိုဆူးလေးလွမ်းတယ်။
ခုဆူးလေးအကျင့်ပျက်နေပီမေမေရဲ့ ဆူးမကြိုက်တဲ့ နွားနို့ လုံးဝကိုမသောက်ဘူး။
မေမေပြန်လာရင်မဆူပါနဲ့ နော်။
ညအိပ်နေချိန်စောင်မခြုံအိပ်တတ်တဲ့ ဆူးလေးကိုတရေးနိုးတိုင်းစောင်ခြုံပီးသားဖြစ်စေခဲ့ တဲ့ 
မေမေ့ကိုဆူးလေးလွမ်းတယ်။
ဆူးလေးအိပ်ရာထဲမှာဝတ္တုစာအုပ်တွေမတွေ့ ချင်ဘူးနော်။သတိထားနေဆိုတဲ့ မေမေ့ကိုလွမ်းတယ်။
မေမေ့ကိုလာလာမခွနဲ့ ဖက်လုံးကိုခွအိပ်ဆိုတဲ့ 
မေမေ့အသံလေးဆူးလေးလွမ်းတယ်။
ဆူးလေးဆီပြန်လာပါမေမေ။
ဖေ့ဖေ့နားဘဲမနေပါနဲ့ နော်။
မေမေချစ်တယ်ဆိုတဲ့ သမီးကမြန်မာပြည်မှာတယောက်တည်းရယ်ပါမေမေရယ်။
မေမေ့ကိုလွမ်းတရ်
အလိုမရှိတဲ့ လူတွေကြားနေရတာငြီးငွေ့လာတော့
မေမေ့မေတ္တာအေးအေးလေး
သမီးတောင့်တတတ်နေပြီ
ြုပန်လာပါမေမေရယ်
သမီးလေးအတွက်မေမေလိုအပ်တယ်ဆိုတာမေမေအသိဆုံးပါ
တရားမရှီဘူးဘဲဆိုဆို
အမှားတွေများနေတဲ့ သမီးဆီ
မေမေမြန်မြန်ပြန်လာပေးပါနော်
ခုချိန်ထိသမီးကိုမေမေတယောက်ဘဲနားလည်တတ်လို့ ပါမေမေ

Subscribe to:
Posts (Atom)